ဖောင်းပြင် နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ လွင်ကြီးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ဆဋ္ဌမနှစ် စက်ဝန်းအတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်နွဲ့နွဲ့ဌေးနှင့် ဝန်ထမ်းများက ယမန်နေ့ ညနေပိုင်းတွင် ထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးခဲ့ရာ မွေးမြူရေးလုပ်ကိုင်သူ(၁၂၅)ဦးအတွက် ငွေကျပ်(၃၇၂)သိန်းကို လည်းကောင်း၊ ရောင်းဝယ်ရေးလုပ်ကိုင်သူ (၂၇) ဦးအတွက် ငွေကျပ် (၁၁၃) သိန်းကိုလည်း ကောင်းကျေးရွာမှ မြစိမ်းရောင် စီမံကိန်းကော်မတီဝင်များနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာ၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန၏ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်လာ စေရေးနှင့် ဆင်းရဲနွှမ်းပါးမှု လျော့ချရေး အစီအစဥ်ဖြင့် မြစိမ်းရောင်စီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် စီမံကိန်းမှရရှိသော အတိုးရငွေများမှ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ငေကျပ်(၁၀ ဒသမ ၀၈၄၅) သန်း နှင့် ကျေးရွာနေပြည်သူများ၏ စိုက် ထည့်ငွေကျပ်(၅ ဒသမ ၇၁၅၅ )သန်းဖြင့် အလျား ၆၀ပေ၊ အနံ ၃၀ပေ၊ အမြင့် ၁၂ ပေရှိ ပျဥ်ခင်း၊ ပျဥ်ကာ၊ သွပ်မိုးတစ်ထပ်စာသင်ကျောင်းဆောင်ကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း တစ်ရပ်အနေဖြင့် ဆောင်ရွက်ထားရှိကြောင်း ဖောင်းပြင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။
ကိုထွန်း(ဖောင်းပြင်)