ညောင်လေးပင် နိုဝင်ဘာ ၂၅
ကိုဗစ်−၁၉ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့သွားလာရာတွင်မဖြစ်မနေ Mask စနစ်တကျ တပ်ဆင်သွားလာကြစေရန် အသိပညာပေးသည့်အနေဖြင့် Mask Campaign ကို ညောင်လေးပင် မြို့တွင်နေ့စဉ်ပြုလုပ်လျက်ရှိရာ နိုဝင်ဘာလ ၂၅ ရက်နံနက် ၈ နာရီအချိန်က မီးပွိုင့်လမ်းဆုံနှင့်မြို့နယ် မီးသတ် စခန်းရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြသည်။
Mask Campaign ဆောင်ရွက်ရာတွင်မြို့နယ် ကိုဗစ်−၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အဖွဲ့ဝင် များ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များနှင့် ပရဟိတအဖွဲ့များပူးပေါင်းပြီး နေ့စဉ်အလှည့်ကျအဖွဲ့များခွဲ၍ Mask တပ်ဆင်သွားလာခြင်း မရှိသူများကို အသိပညာပေး ပြောကြားပြီး Maskများ ဖြန့်ဝေပေးလျက်ရှိ ကြောင်းသိရသည်။
သက်လွင်(ညောင်လေးပင်)