ဂန့်ဂေါ နိုဝင်ဘာ ၂၆
၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဂန့်ဂေါခရိုင်အတွင်း ကျေးရွာ ၆ ရွာ၌ ကျေးလက် ကုန်ထုတ်လမ်းများ ဖောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာများမှာဂန့်ဂေါမြို့နယ်မှ ရဲလှရွာ၊ စိုင်ဒူးရွာ၊ ဆောမြို့နယ်မှ ပြင်လယ်ရွာ၊ သလယ်ရွာ၊ ထီးလင်း မြို့နယ်မှ ထန်းပင်ကုန်းရွာ၊ သရခါရွာတို့ဖြစ်ပြီးလုပ်ငန်းများဆောင်ရွက်နိုင်ရန် တိုင်းတာခြင်းများ ဆောင်ရွက်ကြ ပြီး ဖြစ်ကာ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ကြမည်ဖြစ်၍ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၉၄ ဒသမ ၉ သန်း ခွင့်ပြုထားကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
လုပ်ငန်းဆောင်ရွက်ရာတွင် မြေနီကျောက်စရစ်ခင်းခြင်း၊ တံတားတည်ဆောက်ခြင်း၊ Box-Culver လုပ်ငန်းများ ပါဝင်မည်ဖြစ်၍ လုပ်ငန်းပြီး စီးပါက လယ်ယာထွက်ကုန်များ လွယ်ကူစွာသယ်ယူနိုင်မည်ဖြစ်ပြီး ဈေးကွက်သို့ လျင်မြန်စွာ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
တောင်သားမောင်သန်း