နတ်မောက် နိုဝင်ဘာ၂၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ပညာရေးကဏ္ဍအဆင့် မြင့်မားရေးအတွက် အရှိန် အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ အလယ်ရွာ ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သိန်း (၄၉၉) ဖြင့် (Steel Structure) တစ်ထပ် ကျောင်းဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းရာနှုန်းပြည့် ပြီးစီးကြောင်းသိရသည်။
အဆိုပါ အဆောက်အဦးမှာ အလျား (၉၀)၊ အနံ (၃၀) ပေ (Steel Structure) တစ်ထပ်ကျောင်းဆောင် အမျိုး အစားဖြစ်ပြီး၊ AB ကုမ္ပဏီမှ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တာဝန်ယူဆောက်လုပ်ခြင်းဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
လှဝင်း (နတ်မောက်)