(၃၆)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်၊ ပထမအကြိမ် အဘိဓမ္မာ(ပထမအဆင့်)နှင့် (၃၅)ကြိမ်မြောက် အခြေခံယဉ်ကျေးမှု မြို့နယ်(ပ.ဒု.တ)အောင် ဆုနှင်းသဘင်အခမ်းအနားကျင်းပ

အုတ်ဖို        ဇန်နဝါရီ     ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ မြို့လယ်ဓမ္မာရုံ သာသနာ့ဗိမာန်တော်အတွင်း၌ (၃၆)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်၊ ပထမအကြိမ် အဘိဓမ္မာ(ပထမအဆင့်)နှင့် (၃၅)ကြိမ်မြောက် အခြေခံယဉ်ကျေးမှု မြို့နယ်(ပ.ဒု.တ)အောင် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပသည်။

ရှေးဦးစွာအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃) ကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃာ့ နာယကဥက္ကဋ္ဌဆရာတော် ဦးစန္ဒောဘာသမှ အခမ်းအနားတက်ရောက်လာသူများအား ငါးပါး သီလ ခံယူစေကာ အနုမောဒနာတရားချီးမြှင့်သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးမှ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ သုံးထပ်ဘုန်းတော်ကြီးကျောင်းဂေါပက အတွင်းရေးမှူး ဦးဝင်းမှ ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားတင်ပြသည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ ပါဠိပထမပြန်အောင် ဆရာတော် သံဃာတော်များ၊ အဘိဓမ္မာ(ပထမအဆင့်)အောင်မြင်သူများနှင့် မြို့နယ်အဆင့်ယဉ်ကျေးမှု (ပ.ဒု.တ) အောင် မောင်မယ်များအား သက်ဆိုင်ရာတာဝန်ရှိ သူများက အသီးသီးဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်သူဆွေ