ခရမ်း နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ခရမ်းမြို့ နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဦးရေ များပြားလာ သည့် အတွက် ရောဂါကူးစက်မှုကို ပိုမိုထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ယနေ့နံနက် ၇ နာရီက ခရမ်းမြို့မဈေးအတွင်းဈေးရောင်း၊ ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး သတ်မှတ် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန် ချက်များနှင့် အညီ ဈေးအတွင်းသို့ နှာခေါင်းစည်း Mask များတပ်ဆင်၍ ရောင်းဝယ်မှု ရှိ/မရှိ စစ်ဆေးခြင်း နှင့် နှာခေါင်းစည်း တပ်ဆင်မှုမရှိသူများအား ဈေးအတွင်းဝင်ရောက်ခွင့်မပြုဘဲ mask တပ်ဆင်ပြီးမှသာ ဈေးအတွင်းဝင်ရောက်ခွင့်ပြုပြီး ကျန်းမာရေးအသိ ပညာပေးခြင်းများကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ကုသရေးအဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဌာနမ ှဝန်ထမ်း များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊မြို့နယ်စည် ပင် သာယာရေး ဝန်ထမ်း များက ပြည်သူများအား mask တပ်ဆင်ရေးအသိပညာပေး၍ ဈေးအတွင်း ဈေးသည်/ဈေးဝယ် များအား mask များ အား အခမဲ့ဖြန့်ဝေပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ကိုမင်း ( ခရမ်း )