ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများ‌ဆောင်ရွက်

ကော့မှူး မတ်၂၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးလုပ်ငန်း အသိပညာပေးလက်ကမ်းစာစောင် ဝေငှခြင်းကို ယနေ့ နံနက် ၁၀ နာရီက နတ်စင်ကုန်းကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဦးအောင်ကျော်စိုးက (COVID-19) ရောဂါ စတင်ဖြစ်ပွားလာပုံနှင့် ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန် နည်းလမ်းများ၊ လူစည်ကားရာ နေရာများ သွားရောက်ပါက ဆောင်ရန်၊ ရှောင်ရန်များ မှန်ကန်ထိရောက်သည့် လက်ဆေးခြင်း နည်းစနစ်များ (COVID-19) နှင့်ပတ်သက်၍ သတင်းအမှားများကို မယုံကြည်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းများကိုသာ အတည်ပြုကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)