ကြည့်မြင်တိုင်မြို့နယ် အငြိမ်းစားပညာ​ရေးဝန်ထမ်းများ ကျန်းမာ​ရေး စောင့်​ရှောက်မှုအသင်းမှ မြို့နယ် ကိုဗစ်-၁၉​ရောဂါကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုန့်ပြန်ရေး​ကော်မတီသို့ ဒုတိယအကြိမ် အလှူငွေများလာရောက် လှူဒါန်း

ကြည့်မြင်တိုင်   နိုဝင်ဘာ   ၂၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ အ.ထ.က(၁)ကျောင်း၌ ဖွင့်လှစ်ထားရှိသော Community Based Facilities Quarantine Centre သို့ ယမန်နေ့က အလှူငွေများ လာရောက် လှူဒါန်း ခဲ့ကြသည်။

ထိုသို့လှူဒါန်းမှုတွင် မြို့နယ်  အငြိမ်းစားပညာ​ရေးဝန်ထမ်းများ ကျန်းမာ​ရေးစောင့်​ရှောက်မှုအသင်းမှ ဒုတိယ အကြိမ်အဖြစ် အလှူငွေကျပ်(၁၀)သိန်းကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ် ခဲ့ကြောင်းသိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင်  Quarantine Centre များ ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ Quarantine Centre များသို့ စေတနာရှင်အလှူရှင်များက အလှူငွေများ၊ ကာကွယ်ရေး သုံး ပစ္စည်းများနှင့် စားသောက် စရာများကို လှူဒါန်းလျက်ရှိကြောင်းသိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)