ဆိပ်ကြီးခနောင်တိုမြို့နယ်၌ (Quarantine) ဝင်ရောက်နေသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိဓာတ်ခွဲစစ်ဆေးရန်  နှာခေါင်းနှင့် အာခေါင် တို့ဖတ် ရယူ

ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၂၆


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက်  (Quarantine) ဝင်ရောက်နေသူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်း(Volunteer)အဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိ ဓာတ်ခွဲ စစ်ဆေးရန် နှာခေါင်းနှင့် အာခေါင်တို့ဖတ် ရယူခြင်းကို  ယမန်နေ့ နေ့လယ်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ (Quarantine Center)များတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများမှ သွားရောက် ဆောင်ရွက်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးသိန်းမြင့်  ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများမှ   မြို့နယ်အတွင်းရှိ အ.ထ.က(ခနောင်တို)၊ ထ(ခွဲ)အ.လ.က၊ အ.မ.က(၃)  စသည့်  (Quarantine Center) ၃ခုတွင် အသွားအလာ စောင့်ကြည့်ခံထားရသူ (၁၅)ဦး၊ ကျန်းမာရေးဝန်ထမ်း(၆)ဦးနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင် (၁၂)တို့အား နှာခေါင်းနှင့် အာခေါင်တို့ဖတ်ရယူ၍  အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ ဌာန(ရန်ကုန်)သို့ပို့ ဆောင်ထားပြီး  နှာခေါင်း အနံ့ပျောက်သူတစ်ဦးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အား  Rapid Diagnostic Test Kit ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုး မရှိကြောင်း သိရသည်။ 
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နိုဝင်ဘာလ ၂၅ရက်နေ့အထိ (Quarantine Center) များတွင် Quarantine ဝင်ရောက်နေသူ(၄၇)ဦး၊ ရောဂါပိုးတွေ့ရှိသူ(၃၁၅)ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံ ဆင်းသူ(၂၀၂)ဦး နှင့် သေဆုံးသူ (၁၀)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ဓာတ်ပုံ - မြို့နယ် ကျန်းမာရေး
သတင်း- ဝေယံ(ဆိပ်ကြီးခနောင်တို)