ပန်းတောင်း နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ အပြင်ထွက်သွားလာရာတွင် Mask တပ်ဆင်သွားလာခြင်း၊ မရှိသူများအား အသိပညာပေးခြင်းနှင့် Mask အခမဲ့ ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံက်ပိုင်းက ဥသျှစ်ပင်စျေးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပန်းတောင်းမြို့နယ်ဥသျှစ်ပင်မြို့ပေါ်၌ စျေးဝယ်လာသူများ ၊ မြို့တွင်းသွားလာလျက်ရှိသော ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး ကာလတွင် နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာပါက Mask တပ်ဆင်သွားလာရေး Mask တပ်ဆင်သွား လာခြင်းမရှိသူအား အသိပညာပေးခြင်းနှင့် Mask အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါစစ်ဆေးခြင်းကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန တို့ပူးပေါင်း၍ Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)