ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ပလက်​ဖောင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့်​ရေ​မြောင်းပြုပြင် ခြင်းလုပ်ငန်းများ​ဆောင်ရွက်

​ကျောက်တံတား နိုဝင်ဘာ ၂၆

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊​ ကျောက်တံတားမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်း​ဒေသကြီးရန်ပုံ​​ငွေဖြင့် မိုးတွင်းကာလ ​ရေကြီး​ရေလျှံမှု မဖြစ်​စေ​ရေးနှင့် ​ရေစီး​ရေလာ​ကောင်းမွန်​စေ​ရေးတို့အတွက် မြို့နယ်​ရေစီး​ရေလာ တာဝန်ခံ အဖွဲ့ ဆူး​လေဘုရားလမ်း(အ​ရှေ့ခြမ်း) မဟာဗန္ဓုလလမ်းနှင့် ကုန်သည် လမ်းကြား​များရှိ ရေ​မြောင်းများကို ယခင်ထက် တိုးချဲ့ပြီး အကျယ်၂​ပေ×အနက်၂​ပေ ချဲ့ထွင်ခြင်း၊ ပြုပြင်ခြင်း၊ လုပ်ငန်းများ​ ဆောင်ရွက်​လျက်ရှိသည့် ပြင်လမ်းတံတား ဌာနမှလည်း အများပြည်သူသွားလာ​ရေး အဆင်​ပြေ​စေရန်အတွက် ပလက်​​​ဖောင်း(စင်္ကြ)များကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို နိုဝင်ဘာလဆန်းမှ စတင်​ဆောင်ရွက်​ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ အရည်အ​သွေးပြည့်မီစွာ အချိန်မီပြီးစီး​ရေးအတွက် လွှတ်​တော်ကိုယ်စားလှယ်များ နှင့် မြို့နယ်စည်ပင် သာယာ​ရေး​ကော်မတီဥက္ကဋ္ဌတို့မှ အပတ်စဉ်အနီးကပ် ကြီးကြပ်စစ်​ဆေးလျက်ရှိ​ကြောင်း သိရသည်။

​ရွှေနန်း​မေ(ပြန်/ဆက်)