စလင်း နိုဝင်ဘာ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်သို့ အနယ်နယ်အရပ်ရပ်မှ ပြန်လည် ရောက်ရှိလာသူများအား စလင်းမြို့ အ.ထ.က(၁)တွင် Facility Quarantine ထားရှိ ပြီး ကိုဗစ်-၁၉ရောဂါပိုးရှိမရှိ လည်ချောင်း၊ အာခေါင်တို့ဖတ်နမူနာများရယူခြင်းကို ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ Facility Quarantine ထားရှိသူများမှာ ကျောင်းကြားရပ်ကွက်မှ အသက်(၂၁) နှစ်အရွယ် အမျိုးသမီး (၁) ဦး၊ ကျပင်း(တ)ရွာမှ အသက်(၄၇)နှစ်အရွယ်အမျိုးသမီး(၁)ဦး၊ သစ်ကိုက်(အရှေ့)ရွာမှ အသက်(၂၉)နှစ်(၁၉)အရွယ် အမျိုးသမီး(၂)ဦး၊ ရဒေးကျေးရွာမှ အသက်(၃၂)နှစ်၊(၂၂)နှစ်၊(၂၁)နှစ်၊(၁၈)နှစ်အရွယ် အမျိုးသား(၄)ဦး၊ မဲရွာကျွန်းရွာမှ အသက် (၄၂)နှစ်၊(၂၂)နှစ်၊ (၁၉)နှစ်အရွယ် အမျိုးသမီး(၃)ဦး၊ တောင်ရွာထန်းတောရွာမှ အသက် (၂၃)နှစ်၊ အသက်(၂၀) နှစ်အရွယ် အမျိုးသား(၂)ဦး၊ ရုံးပင်ကန်ကျေးရွာမှ အသက်(၂၈)နှစ်၊ အသက်(၄)နှစ် အရွယ် အမျိုးသမီး(၂)ဦး၊ အရှေ့ရှားတောရွာမှ အသက်(၂၆)နှစ်အရွယ် အမျိုးသား(၁)ဦးနှင့် ငှက်ပျောအိုင်ရွာမှ အသက် (၂၄) နှစ်အရွယ် အမျိုးသား (၁) ဦးတို့ဖြစ်ကြောင်း မြို့နယ်ကျန်းမာ ရေးနှင့်ကုသရေး ဦးစီးဌာနမှသိရှိရသည်။
မောင်လွင် (ပြန်/ဆက်)