သာယာဝတီခရိုင်၏ ၂၀၂၀-၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များပေးအပ်

သာယာဝတီ နိုဝင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၏ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်  တာဝန်များပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

တာဝန်ပေးအပ်ပွဲတွင် သာယာဝတီခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေး မှူး  ဦးစိုးရွှေအောင်က  အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စီမံကိန်းရေးဆွဲ အကောင် အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး ခရိုင်စီမံကိန်းမှူး ဒေါ်နီနီလှက စီမံကိန်းလုပ်ငန်း တာဝန်များ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ သာယာဝတီ ခရိုင်၏ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကဏ္ဍအသီးသီး၌ တာဝန်ယူဆောင်ရွက်ကြသည့် ဌာနဆိုင် ရာတာဝန်ရှိသူများအနေဖြင့် လွန်ခဲ့သည့်ဘဏ္ဍာရေးနှစ်မှ အားနည်းချက်၊ အားသာချက်များကို သုံးသပ်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်၊  ဒေသန္တရစီမံကိန်း  ရည်မှန်းချက်များကို ပြည့်မီအောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြပါရန် ရှင်းလင်းပြောကြားပြီး  တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းတာဝန်များကို သက်ဆိုင်ရာမြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော်(ခရိုင်ပြန်/ဆက်)