ကလေးဝမြို့ မြို့မဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လက်တွေ့သရုပ်ပြ

ကလေးဝ နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ ပွင့်လင်းရာသီ ရောက်ရှိလာသည့်နှင့်အညီ မီးဘေးလုံ ခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး လက်တွေ့သရုပ်ပြ မီးငြိမ်းသတ် ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့ နံနက် ၉ နာရီက မြို့မဈေး တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်း၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းကျော်၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မ တီနှင့် ဈေးသူ/ဈေးသားများက ပူးပေါင်း၍ Foamm ဆေးရည်ဖြင့် မီးငြိမ်းသတ် ပက်ဖျန်းခြင်း၊ မီးသတ်စက် အသုံးပြုနည်း၊ မီးသတ်ကားဖြင့် ငြိမ်းသတ် ပက်ဖျန်းနည်းများကို လက်တွေ့သရုပ်ပြ အသိပညာပေးခဲ့ကြောင်း သိရ သည်။    

သက်ဟန်(ကလေးဝ)