ရွေးကောက်ပွဲကာလ၌ အသုံးပြုခဲ့သော မဲရုံသုံးပစ္စည်းများ လာရောက်အပ်နှံ

ဂန့်ဂေါ   နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ တွင် မဲရုံများ၌ အသုံးပြုခဲ့သော မဲပုံး များနှင့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များက လာရောက်အပ်နှံလျက်ရှိသည်။

အဆိုပါ အပ်နှံရာတွင် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများက အထွေထွေရွေးကောက်ပွဲ အတွက် ထုတ်ယူခဲ့သော မဲပုံးနှင့် မဲရုံသုံးပစ္စည်းများ တို့အား လာရောက်အပ်နှံရာတွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက ထုတ်ယူခဲ့သည့်စာရင်းဇယားအတိုင်း စနစ်တကျလက်ခံလျက် ရှိကြောင်း သိရသည်။

ရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာ မဲရုံပေါင်း(  ၁၈၃ )အတွက် မဲပုံးရေ (၉၇၈)ပုံးကို ထုတ်ပေးခဲ့ရာ နိုဝင်ဘာ(၂၆)ရက်နေ့နောက်ဆုံးထား၍ ပေးပို့ကြရန်မှာကြားထားကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)