ရန်ကုန် နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် မြန်မာစီးပွားရေးဘဏ်ခွဲမှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ် စေရေးအတွက် ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ Social Distancing နှင့်အညီ ယမန် နေ့ နံနက် (၈) နာရီမှစတင်၍ပင်စင်လစာများ ထုတ်ပေးလျက်ရှိ ကြောင်းသိရသည်။
ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ တိကျစွာ လိုက်နာကြရန် စည်းကမ်းချက်များကပ်ထားကြေညာခြင်း၊ လက်ဆေးရန်နေရာ နှင့် ဆပ်ပြာများထား ရှိပေးခြင်း၊ တစ်ဦးနှင့် တစ်ဦး (၆)ပေအကွာတွင်နေထိုင်နိုင်ရန်စီစဉ်ထားရှိပေးပြီး ပင်စင်လစာများအား ထုတ်ပေးလျက်ရှိသည်။
လှိုင်မြို့နယ်တွင် မြို့ပြပင်စင်စား (၁၁၁၄၈)ဦး၊ ကာကွယ်ရေးပင်စင်စား(၄၄၀၂)ဦး၊ နိုင်ငံရေးပင် စင်စား(၂၃၂)ဦး စုစုပေါင်း(၁၅၇၈၂)ဦး ရှိကြောင်းနှင့်ယမန်နေ့က မြို့ပြပင်စင်စား (၈၄၆) ဦး၊ ကာကွယ် ရေး ပင်စင်စား (၄၅၉)ဦး၊ နိုင်ငံရေး ပင်စင်စား (၂၃)ဦး၊စုစုပေါင်း (၁၃၂၈)ဦးလာရောက် ထုတ်ယူ ခဲ့ကြ ကြောင်း မြို့နယ်မန်နေဂျာဒေါ်ချိုချို မြင့်ထံမှ သိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)