စမ်းချောင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီး ငွေလုံး-ငွေရင်း ဘတ်ဂျက်ဖြင့် ရေမြောင်းတိုးချဲ့ခြင်း၊ လမ်းပခုံးသားပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

စမ်းချောင်း  နိုဝင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(မြောက်)ရပ်ကွက်တွင် ရေမြောင်း တိုးချဲ့ခြင်းနှင့် လမ်းပခုံးသားပြုပြင်ခြင်း လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီး ငွေလုံးငွေရင်း ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေမှုများအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

အဆိုပါ ဆောင်ရွက်နေမှုများအား စမ်းချောင်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက လုပ်ငန်းပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လုပ်ငန်းများ အရည်အသွေးပြည့်ဝစေရေးနှင့် အချိန်မီပြီးစီးရေးတို့ကို စစ်ဆေးခဲ့ကြ ပါသည်။ အဆိုပါ လုပ်ငန်းသည် ယခုအချိန်တွင် ၂၀%ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရပါသည်။

ခင်ချောစုဝင်း(ပြန်/ဆက်)