သဲကုန်းမြို့နယ်၊ အင်းပေါ်ငယ်ကျေးရွာတွင် Mask Campaign ပြုလုပ်

 

သဲကုန်း  နိုဝင်ဘာ  ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်ပေါ်ငယ်ကျေးရွာတွင် MCHP (Maternal Child Health Promoter) မိခင်ကလေးကျန်းမာရေး အဆင့်မြင့်တင်သူများအဖွဲ့မှ ယနေ့နံနက်ပိုင်းအချိန်က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်းများ တပ်ဆင် နိုင်ရေးအတွက် ရည်ရွယ်ပြီး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအဖွဲ့သည် ငွေကြေးတစ်စုံတစ်ရာ မရရှိပဲစေတနာ၊ ဝါသနာအရင်းခံပြီး လုပ်ကိုင်ဆောင်ရွက် နေသည့် အဖွဲ့ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြ ည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံက INGO တစ်ခုဖြစ်တဲ့ JOICFP  အဖွဲ့ပူးပေါင်းပြီးလေ့ကျင့်မွေးထုတ်ပေးသည့်အဖွဲ့တစ်ခုဖြစ်သည်။

MCHP (Maternal Child Health Promoter) မိခင်ကလေးကျန်းမာရေး အဆင့်မြင့်တင်သူများ အဖွဲ့ သည် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင်အတူတကွ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ် ကျန်းမာရေး ဦးစီးဌာနပူးပေါင်းဆောင်ရွက်မှု သုံးနှစ်တာကာလအတွင်းမှာ သဲကုန်းမြို့နယ်တွင် MCHP စုစုပေါင်း (၁၁၂၉) ဦးထိရှိကြောင်း သိရှိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)