ကမာရွတ် နိုဝင်ဘာ ၂၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ လိုအပ်သည့်နေရာ များတွင် အသုံးပြုနိုင်ရန်အတွက် TRADE BOSS TRADING Co;Ltd (SCOPE LUBRICANTS) MYANMAR မှ Surgical Mask (၁၀၀၀၀) နှင့် အလှူငွေ(သုံးသိန်းကျပ်တိတိ)ကို အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာသို့ လာရောက်လှူဒါန်းခဲ့သည်။ အလားတူ Primary Contact များအတွက် အလှူရှင်မိသားစုမှလည်း အောက်စီဂျင် (၁)အိုး၊ ရန်ကုန်အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးမှလည်း အချိုရည်ကဒ်(၃၂)ကဒ်၊ မွေးနေ့တူမောင်နှမမှလည်း နေ့လည်စာ ထမင်းဘူး (၁၀၀)တို့ကို လာရောက် လှူဒါန်းခဲ့ကြသည်။
အဆိုပါ လှူဒါန်းမှုအား မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)