ဗိုလ်တထောင် နိုဝင်ဘာ ၂၆
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈နာရီအချိန်တွင် လင်းစဒေါင်းကားမှတ်တိုင်နှင့် ဗိုလ်တထောင်ကွန်တင်နာဝင်းတို့တွင် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် မဖြစ်မနေ နှာခေါင်းစည်း (mask) စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြစေရန် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းနှင့် Mask Campaign ကို ဆောင်ရွက်ခဲ့ကြသည်။
Mask Companion ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကျန်းမာရေးမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် NGO အဖွဲ့ဝင်များက နှာခေါင်းစည်း(mask)တပ်ဆင် သွားလာခြင်းမရှိသူများကို အသိပညာပေး ပြောကြားပြီး နှာခေါင်းစည်း(mask)များ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
သိန်သိန်း(ဗိုလ်တထောင်)