ခင်ဦး နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ (၂၆) ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံဘုံမဟာကထိန် လှူဒါန်းပွဲကို နိုဝင်ဘာလ ၂၆ ရက် နံနက် (၉) နာရီက ရွှေဖောင်ဦးကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
ထိုသို့လှူဒါန်းရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အညီ လှည့်လည်ပွဲများ ကျင်းပခြင်း မပြုလုပ်တော့ပဲ ကထိန်ပြုလုပ်မည့် ကျောင်တိုက်သို့ ပို့ဆောင်ခြင်းဖြစ်သည်။ ဝန်ထမ်းပေါင်းစုံဘုံ မဟာကထိန်ပွဲကို ကျန်းမာရေးဌာနက အမိန့် ညွှန်ကြားချက်နှင့်အညီ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးချိုလင်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ရေစက်ချလှူဒါန်း ဆောင်ရွက်ခဲ့ သည်။
အဆိုပါ ဝန်ထမ်းပေါင်းစုံဘုံမဟာကထိန်ပွဲတွင် ဉတ်မကြီးအတွက် ပစ္စည်းတန်ဖိုးနှင့် ငွေသားစုစုပေါင်း (၂၉၄၉၅၀၀) ကျပ်၊ မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်း (၂၃) ကျောင်းနှင့် ကန်တော့ပွဲလှူဒါန်းငွေအတွက် (၂၅၅၀၀၀၀)ကျပ် စုစုပေါင်း လှူဒါန်းငွေကျပ် (၅၄၉၉၅၀၀) ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုးဝေအောင် (ခင်ဦး)