မှော်ဘီ နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ကာကွယ်တားဆီးရေး လုပ်ငန်းများအား အထောက် အကူဖြစ်စေရန် အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် မဖြစ်မနေ Mask စနစ်တကျ တပ်ဆင်သွားလာကြရန် အသိပညာပေးခြင်း နှင့် Mask များကိုအခမဲ့ဝေငှခြင်းကို မှော်ဘီမြို့နယ် ဝါးနက်ချောင်းစျေးအတွင်းတွင် ယမန်နေ့ကပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဆောင်ရွက်ရာတွင် မြို့နယ် စည်ပင်သာ ယာရေးကော်တီမှ ဝန်ထမ်းမှ Mask တပ်ဆင်သွားလာခြင်းမရှိသူများကို အသိပညာပေးပြောကြားပြီး Mask များ အခမဲ့ဝေငှခဲ့ ကြောင်း သိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)