လှိုင်းဘွဲ နိုဝင်ဘာ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့်ဆောင်ရွက်နေသော လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့က ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဒုတိယညွန်ကြားရေးမှူး ဦးစတင့်ဝေနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြောင်းသိရသည်။
အဆိုပါကွင်းဆင်းကြည့်ရှုခြင်းကို ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဒုတိယညွန်ကြားရေးမှူး ဦးစတင့်ဝေ၊ ဘားအံမြို့ မြို့နယ်ဦးစီးမှူး ဦးစောအောင်မျိုးမြင့်၊ လှိုင်းဘွဲမြို့နယ် ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်း၊ စီမံကိန်းတာဝန်ခံနှင့်ဝန်ထမ်းများက စီမံကိန်းထောက်ပံ့ငွေ ၅၀,၀၀၀,၀၀၀ ကျပ်ဖြင့် အကောင်အထည်ဖော်ဆောင်မည့် သမိုကျေးရွာအုပ်စု စူးထကျေးရွာ ကြိုးတံတားတည်ဆောက်ခြင်း (အလျှား ၂၀၀ပေ x အကျယ် ၆ပေ) လုပ်ငန်းအား ဆောင်ရွက်မည့် ဒီဇိုင်းနှင့် မြေပြင်အခြေအနေများအား အသေးစိတ်ကွင်းဆင်းစစ်ဆေးပြီး အကောင်အထည်ဖော်ရာတွင် ဒီဇိုင်းနှင့်အမှန်တစ်ကယ်တည်ဆောက်မှုတို့ အံဝင်ခွင်ကျမှုစေရန် လိုအပ်သည့် အကြံဉာဏ်များပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)