လိပ်သို နို၀င်ဘာ ၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ အမှတ် (၃) ရပ်ကွက် မြို့တွင်းလမ်းအား လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပထမ (၃) လပတ် ခွင့်ပြုရန်ပုံငွေ (၄၂.၀၂၄ ) ကျပ်သန်းဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းမှာ လိပ်သို-လဘက်အင်းကျေးရွာ လမ်းပေါ်ရှိ လိပ်သို အ.ထ.က ကျောင်း ယေဇူးရွှေနှလုံးတော် ဘုရားရှိခိုးကျောင်းနှင့် လိပ်သို- ရှမ်းလယ်ပြင် ကျေးရွာလမ်းပေါ်ရှိ အမှတ် (၅၊၆) ရပ်ကွက်တို့နှင့် ဆက်သွယ်ပေးထားပြီး အလျား ၁၀၃၀ ပေ၊ အကျယ် ၁၂ ပေ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်မှုကို လိပ်သိုမြို့၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် ငွေလုံးငွေရင်းလုပ်ငန်းဖြင့် လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့တာ၀န်ခံ နော်နေစိုးနှင့် တာ၀န်ခံ အင်ဂျင်နီယာ ဒေါ်ချစ်နိုးဝေ (အငယ်တန်းအင်ဂျင်နီယာ-၃) တို့မှ အနီးကပ်ကြီးကြပ်ဆောင်ရွက် လျက်ရှိပြီး အဆိုပါလမ်း ဆောင်ရွက်ပြီးစီးသွားပါက မော်တော်ယာဉ်များနှင့် ပြည်သူများ သွားလာ ရေး ပိုမိုအဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)