ရန်ကုန် နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေ ရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့ သူ(၁၁၂)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၃) သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။
အင်းစိန်မြို့နယ်အတွင်းတွင် Quarantine Center(၆)ခုအနက် အင်းစိန်(GTI) Quarantine Center(၃)သို့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူဖြစ်သော အင်းစိန် မြို့နယ်၊ တောင်သူကုန်းရပ်ကွက်မှ(၁၈)ဦး၊ စော်ဘွားကြီးကုန်းရပ်ကွက်မှ(၁၈)ဦး၊ မြို့သစ်(က+ခ) ရပ်ကွက်မှ (၁၂)ဦး၊ ဖော့ကန်ရပ်ကွက်မှ(၁၁)ဦး၊ ကမ်းနားအလယ်ရပ်ကွက်မှ(၁၀)ဦး၊ ရွာမအရှေ့ ရပ်ကွက်မှ (၈)ဦး၊ အောင်ဆန်းရပ်ကွက်မှ(၇)ဦး၊ ကမ်းနားအနောက်ရပ်ကွက်မှ(၆)ဦး၊ ကြို့ကုန်း အရှေ့ ရပ်ကွက်မှ (၅)ဦး၊ ဈေးကုန်းအရှေ့ရပ်ကွက်မှ(၄)ဦး၊ စဉ့်ငူရပ်ကွက်မှ(၄)ဦး၊ ရွာမအနောက် ရပ်ကွက်မှ(၃)ဦး၊ ပိန္နဲကုန်းရပ် ကွက်မှ(၃)ဦး၊နံ့သာကုန်းရပ်ကွက်မှ(၃) စုစုပေါင်း (၁၁၂)ဦး တို့ကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီ အသင်းခွဲ၊ ပရဟိတ အဖွဲ့များနှင့် လူမှုကူညီရေးအသင်းများမှ တာဝန်ရှိသူများက သက်ဆိုင် ရာ Quarantine Centerသို့ အသီးသီး ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ မှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)