လှိုင်းဘွဲ နိုဝင်ဘာ ၂၆
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယ နှစ်စက်ဝန်း) တွင် အိမ်ထောင်စု (၅၄၀) စု၊ လူဦးရေ (၃၂၂၀)ဦး တို့အား အကျိုးပြုမည့် သာယာကုန်းကျေးရွာအုပ်စု ဝါးဂုတ္တောကျေးရွာ ၊ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ယမန်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် စီမံကိန်းမှထောက်ပံ့ငွေ (၂၄,၄၅၀,၀၀၀) ကျပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်း(အရှည် ၁၂၄၀ပေ x အကျယ် ၁၂ပေ x ထု ၆လက်မ)တို့ဖြင့် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေး အဖွဲ့တို့ ၏ စနစ်တကျလမ်းညွန်မှု၊ လက်ထောက် နည်းပညာမှူး ဒေါ်ဝင်းဇာနီခိုင်၊ လူထုစည်းရုံးရေးမှူး စောသန်းကျော်လင်းတို့၏ အနီးကပ် ကြီးကြပ်မှူနှင့် ကျေးရွာသူ/ကျေးရွာသားတို့၏ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)