မှော်ဘီ နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီ မြို့နယ်တွင် Quarantine Centre အဖြစ် အ.ထ.က(၁)၊ အ.ထ.(၂)၊ အ.ထ.က တပ်ကြီးကုန်း၊ အ.ထ.က မင်းရွာတို့တွင် ဆောင်ရွက်ထားရှိရာ Quarantine ဝင်နေသူများ၏ စွန့်ပစ် အမှိုက်များကို ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် ဘေးကင်းလုံခြုံစွာ စွန့်ပစ်နိုင်ရန် ယမန်နေ့က မြို့နယ် စည်ပင်သာယာရေး ကော်မတီ မှ တာဝန်ရှိသူများက စွန့်ပစ်အမှိုက်များကို လိုက်လံသိမ်းဆည်းခဲ့ကြောင်း သိရသည်။
အဆိုပါ Quarantine ဝင်နေသူများ၏ စွန့်ပစ် အမှိုက် များကို မြေကျင်းတူး၍ စနစ်တကျ မီးရှို့ဖျက်ဆီး မည့် နေရာသို့ ပို့ဆောင်ခဲ့ကြောင်းသိရှိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)