ချောင်းဦးမြို့နယ် ချောင်းမ‌ကျေးရွာ မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ပစ္စည်းများပေးအပ်

ချောင်းဦး နိုဝင်ဘာလ ၂၆

 စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ၊ နွယ်ခွေကျေးရွာအုပ်စု၊ ချောင်းမကျေးရွာတွင် နိုဝင်ဘာလ ၂၃ ရက်၊ နံနက် ၈ နာရီ၊ ၄၀ မိနစ် အချိန်က ဦးအောင်ဒင်၏ နေအိမ်မီးလောင်ခဲ့သည့်အတွက် မီးဘေးသင့်အိမ်ထောင်စုအား ယနေ့ နံနက် ၁၂ နာရီ အချိန်က ချောင်းဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင်  လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲ‌ရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် ပစ္စည်း ၁၇ မျိုး နှင့် ငွေတစ်သိန်းကျပ်၊ စားနပ်ရိက္ခာအတွက် တစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် လူ ၆ ဦးအတွက် ၁၂၆၀၀ကျပ်အား မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်က လည်းကောင်း၊  မြို့နယ်သဘာဝဘေးအန္တရာယ်က ြိုတင်ကာကွယ်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီမှ ထောက်ပံ့သည့် ငါးသောင်းကျပ်အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်က လည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် Family Kit ပစ္စည်း ၁၃ မျိုးပါ ၁ ပုံး၊ Hygiene Kit ပစ္စည်း ၁၈ မျိုးပါ ၁ ပုံး၊ သောက်သုံးရေပုံး ၁ ပုံးစီအား မြို့နယ်ကြက်ခြေနီအသင်း ဒုတပ်ခွဲမှူး ဦးအေးမင်းမြတ်က လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးအောင်ဘော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်၊ မြို့နယ်ကြက်ခြေနီအသင်း ဒုတပ်ခွဲမှူး ဦးအေးမင်းမြတ်နှင့် နွယ်ခွေကျေးရွာအုပ်စု၊ ချောင်းမကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စုဝင် ၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အိအိအောင်(ချောင်းဦး)