ပြည် နိုဝင်ဘာ ၂၆
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အွန်းလိုင်း အခမ်းအနားကို နိုဝင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ပဲခူးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေး နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကော်မတီဝင်ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများတက်ရောက်ကြောင်းသိရသည်။
အဆိုပါအွန်းလိုင်းအခမ်းအနားတွင် ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဌ နော်ပွယ်စေးက အဖွင့် အမှာ စကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး တိုင်းဦးစီးမှူး၊ တိုင်းဒေသကြီး အမျိုးသမီး ကော်မတီ အတွင်းရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက ပဲခူးတိုင်းဒေသကြီးအတွင်း အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုများ အပေါ် ဖြေရှင်းဆောင်ရွက်ပေးမှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ နေခြည်သက်နိုင်က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှု ပေါ်ပေါက် လာခြင်းသမိုင်းကြောင်းအားရှင်းလင်းပြောကြားပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှု နှင့်် ပတ်သက်၍ မှတ်တမ်းဗီဒီယိုပြသခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်းနှင့်် အမျိုးသမီးများအပေါ် အကြမ်းဖက် မှုရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုဆောင်ပုဒ်မှာ “ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ် တုံ့ပြန်ဖို့ သီးသန့်ရန်ပုံငွေထားရှိလို့ အချက်အလက်ကောက်ယူစို့” ဖြစ်ကြောင်း ယင်းအခမ်းအနားမှ သိရှိရသည်။
အောင်ကိုသန့်(ပြန်/ဆက်)