လဟယ် နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က နာဂဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းက အဖွင့် အမှာစကားပြေကြားခဲ့ပြီး နာဂဒေသလဟယ်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးခွင့်ရန်ပုံငွေ (ပြည်ထောင်စု/တိုင်းဒေသကြီး) ဖြင့် ဆောင်ရွက်မည့် လမ်းတံတား လုပ်ငန်းများ၊ အင်ယာဆောက်လုပ်ရေး(တန်ဖိုးနည်အိမ်ယာ) လုပ်ငန်းများနှင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး လုပ်ငန်းများ လျာထားဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း နာဂဒေသခေတ္တ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြား ရေးမှူး ဦးရဲမင်းထံမှသိရသည်။
ရှားဆက် ၊(ပြန်/ဆက်)