ပြည် နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ အောင်ဆန်းပြည်သာယာရပ်ကွက် ရတနာမဉ္ဇူရီပရဟိတသီလရှင် ကျောင်း (အနောက်ဘက်) ပစ်တိုင်းထောင်းလမ်းရှိ ဦးခင်မောင်စိုး၏ ပစ်တိုင်းထောင်(ပေါင်မုန့် လုပ်ငန်း) အဆောက်အအုံတွင် ယနေ့နံနက် ၁၁ နာရီ ၁၀မိနစ်အချိန်ခန့်က 20kg ဂက်စ်အိုးပိုက် ပြုတ်ထွက်ရာမှ တဆင့်(၁၅ပေ×၂၀ပေ) သွပ်မိုး/သွပ်ကာ အဆောင်နှင့်် မော်တာ 3V (၄)လုံးတို့အား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ စုစုပေါင်းမီးသတ်ယာဉ်(၁၅)စီးဖြင့် ခရိုင်မီးသတ်ဦးစီးမှူးနှင့်သန္ဓေ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၁၁နာရီ ၃ဝ မိနစ် အချိန်တွင် မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရှိသူမရှိကြောင်းနှင့်် မီးလောင်မှု အား ပြည်မြို့အမှတ်(၃)နယ်မြေရဲစခန်း၌ တာဝန်ရှိသူများက အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ပြည်ခရိုင် (ပြန်/ဆက်)