ဒဂုံ နိုဝင်ဘာ ၂၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် အသက်တစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီမှစတင်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတွင် ပြန်လည်ထိုးနှံပေးနေပြီဖြစ်ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်နှစ်လမှ ကလေးငယ်များအား ဘီစီဂျီ ပြင်းထန်ဝမ်းပျက်ဝမ်းလျော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ) (၅)မျိုးစပ် ကာကွယ်ဆေး ဖြစ်သော (ဆုံဆို့၊ကြက်ညာ၊ အသည်းရောင် အသားဝါ(ဘီ) ဦးနှောက် အမြှေးရောင် ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေးတိုက်ကျွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးလာရောက်ထိုးနှံသော မိဘနှင့်ကလေးများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက် များနှင့်အညီ ကာကွယ်ဆေးထိုး၊ဆေးတိုက်လုပ်ငန်းများအား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရ သည်။
မိုးမိုးခိုင် (ပြန်/ဆက်)