မိုးညို နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ် ကျန်းမာရေးဦးစီးဌာနသို့ ဒိန်းမတ်နိုင်ငံသံရုံးမှ လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးသုံးပစ္စည်း များကို ယနေ့ နေ့လယ် ၁၂ နာရီ အချိန်တွင် လာရောက်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး၊ ကရင်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာအောင်မြင့်၏ အကျိုးတော်ဆောင်မှုဖြင့် မိုးညိုမြို့နယ်အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်၊ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်းတို့နှင့်အတူ ဒိန်းမတ်နိုင်ငံသံရုံးမှ လှူဒါန်း သော အဝတ်နှာခေါင်းစည်း (၃၀၀၀)ခုနှင့် Surgical Gowns(၃၀၀)ခု၊ စုစု ပေါင်းတန်ဘိုးငွေ (၂၆၄၀၀၀၀) ကျပ်တို့အား လှူဒါန်းခဲ့ရာ မိုးညိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာကျော်မိုး၊ မြို့မိမြို့ဖ ဦးထွန်းမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများက လက်ခံရယူခဲ့ ကြောင်း သိရသည်။
ကိုမင်း(မိုးညို)