နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် သုသာန်မြေ သွားလမ်း ၅၂၈၀ ပေ၊ အကျယ် ၂၂ ပေ ဖောက်လုပ်ဆောင်ရွက်

နန်းယွန်း နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် မြို့နယ်စည်ပင် သာယာရေးကော်မတီမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးရေးနှစ် ငွေလုံးငွေရင်းလုပ်ငန်း ခွင့်ပြုရန် ပုံငွေ (၇.၀၀) သန်း ဖြင့် သုသာန်မြေသွားလမ်းကို မြေသားလမ်းအရှည် (၅၂၈၀) ပေ၊ အကျယ် (၂၂) ပေအား ဖောက်လုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သုသာန်မြေ သွားလမ်းဖောက်လုပ်ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ကြပ်မတ်ပြီး ပြည်သူ လူထုများ သုသာန်မြေသို့ အဆင်ပြေသွားလာနိုင်ရေး ရည်ရွယ်၍ ဘာသာပေါင်းစုံတို့အတွက် ဘာသာရေးအလိုက် မြေသားလမ်းအား ဖောက်လုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးကျိုင်းဆက်ထံမှ သိရသည်။

ဟန်ကမ်း(ပြန်/ဆက်)