ကျိုက်မ​ရော မြို့တွင် နှာ​ခေါင်းစည်းတပ်ဆင်သွားလာခြင်း မရှိသူများအား အသိပညာ​​ပေးခြင်းနှင့် Mask များအခမဲ့ ဖြန့်​ဝေ

ကျိုက်မ​ရော  နိုဝင်ဘာ ၂၆

မော်လမြိုင်ခရိုင်၊ ကျိုက်မ​​ရောမြို့နယ်၌​ နေအိမ်ပြင်ပ ထွက်ခွာသွားလာကြရာတွင် နှာခေါင်းစည်း (mask) တပ်ဆင်ခြင်း မရှိသူများ အား အသိပညာ​ပေးခြင်းနှင့် mask များ အခမဲ့ဖြန့်​ဝေခြင်း လူထုလှုပ်ရှားမှုကို ယ​နေ့နံနက်  ၇ နာရီခန့်က ကျိုက်မ​ရောမြို့အတ္ထရံ မြစ်ကူး (စံပယ်ဂူ) တံတားကြီးထိပ်၌ ပြုလုပ်​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် အမျိုးသားလွှတ်​တော်ကိုယ်စားလှယ် ဦးခင်​ဇော်ဦးအပါအဝင် ကိုဗစ်-၁၉ ​ရောဂါ ထိန်းချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာ​ရေးဦးစီးဌာန မြို့နယ် ဆရာဝန်ကြီးနှင့် သူနာပြုများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီး​ရေးရာအဖွဲ့ ဝင်များ၊ မြို့နယ်ကြက်​ခြေနီ တပ်ဖွဲ့ဝင်များပူး​ပေါင်း၍ စံပယ်ဂူတံတားကြီးပေါ်မှ ဖြတ်သန်းသွားလာ​နေကြသည့် မော်​တော်ယာဉ်ပေါ်မှ ခရီးသွားပြည်သူများ၊​ စျေး​ရောင်း​စျေးဝယ်လာကြသူများနှင့်​ကျေးရွာများမှ ​ဒေသခံပြည် သူများအား ​ရောဂါကာကွယ်ထိန်းချုပ်​ရေးကာလတွင်​ နေအိမ်ပြင်ပသို့ မဖြစ်မ​နေ သွားလာပါက နှာ​ခေါင်းစည်းများ တပ်ဆင် သွားလာကြရန် အသိပညာ​ပေး၍ နှာ​ခေါင်းစည်းများ အခမဲ့ဖြန့်​​ဝေ​ပေးခဲ့ကြ​ကြောင်း သိရသည်။

ကျိုက်မ​ရောမြို့နယ်တွင် နှာ​ခေါင်းစည်း Mask နှင့် Face Shield များ ဖြန့်​ဝေ​ပေးခြင်း လူထု လှုပ်ရှားမှုကို မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဦး​ဆောင်ကွပ်ကဲမှုဖြင့် နိုဝင်ဘာ ၂၁ရက်မှ  ယ​နေ့အထိ ၆ ရက်မြောက် လှုပ်ရှား​ဆောင်ရွက်ခဲ့ပြီး Mask ခု​ရေ (၁၀၀၀၀) နှင့် မျက်နှာအကာ Face Shield ခု​ရေ (၅၀၀)​ ခန့်ကို ပြည်သူလူထုထံ အခမဲ့ဖြန့်​ဝေ​​ပေးနိုင်ခဲ့ပြီးဖြစ်​ကြောင်း သိရသည်။

ချိုချို (ပြန်/ ဆက်)