သနပ်ပင်မြို့နယ်တွင် (၂၈)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ကျင်းပ

သနပ်ပင် နိုဝင်ဘာ ၂၆

(၂၈)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ကို ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ယနေ့နံနက် ၉နာရီအချိန်က စက်ကုန်းပိုင်း ရက်ကွက်ရှိ အနောမာရုံကွင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်‌ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းမှ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ကို နှစ်စဉ် စည်းကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး ယခုနှစ်တွင်  ကိုဗစ် ၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့်အညီ ကျင်းပဆောင်ရွက် ပါကြောင်း လျောက်ထားခဲ့သည်။

အနောမာရုံကွင်းကျောင်းတိုက် ပဓာနနာယကဆရာတော်ဘုရားကြီးထံ ငါးပါးသီလ ခံယူ ဆောက်တည်ကာ ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ခဲ့ကြပြီး ကထိန်လျာ မြတ်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီးက အနုမောဒနာ  တရားဟောကြားကာ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ  အမျှအတမ်းပေးဝေးခဲ့ကြသည်။ (၂၈) ကြိမ် မြောက် မြို့နယ်လုံးဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်တွင် စုစုပေါင်း ငွေသားတန်ဖိုး (၄၆)သိန်းကျော် လှူဒါန်းနိုင်ခဲ့ကြောင်းနှင့် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံဠတု သုံးကြိမ် ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

လှမိုး(သနပ်ပင်)