အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အခမ်းအနားကို Virtual ဖြင့်ကျင်းပ

ဘားအံ နို၀င်ဘာ ၂၆

ကရင်ပြည်နယ် အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်​ရေး (၁၆) ရက်တာလှုပ်ရှားမှု အခမ်းအနားကို online ဖြင့် ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပရာ ပြည်နယ်/ ခရိုင် / မြို့နယ် အမျိုးသမီး​ကော်မတီဝင်များ၊ UN၊ NGOs၊ INGOs များမှ ကိုယ်စားလှယ်များ စုစုပေါင်း၂၄၀ ဦးခန့် တက်​ရောက်ခဲ့ကြပါသည်။    

အခမ်းအနားတွင် ကရင်ပြည်နယ် အမျိုးသမီးကော်မတီအတွင်း​ရေးမှူး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုးက အဖွင့်အမှာစကား​ပြောကြားပြီး ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်တရားရေး၊ ပြည်နယ်ပြည်သူ့ကျန်းမာ​ရေး၊ ပြည်နယ် လူမှုဝန်ထမ်းနှင် WON Kayin အဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များက အမျိုးသမီးများနှင့် မိန်းက​လေးငယ်များအတွက် အကြမ်းဖက်မှု ပပျောက်​ရေး​ဆောင်ရွက်​ပေး​နေ​သော ဝန်​ဆောင်မှုများ၊ အခက်အခဲများနှင့် အကြံပြုချက်များ​ ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် ကျား-မအခြေပြု အကြမ်းဖက်မှု video clip ပြသပြီး GBV working group Kayin ကိုယ်စား သံတောင်ကြီးအမျိုးသမီးအဖွဲ့ ဒါရိုက်တာဒေါ်မာမာချိုက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါ (၁၆) ရက်တာ လှုပ်ရှားမှုများအ​​နေဖြင့် ဘားအံမြို့​ပေါ်တွင် mask campaign ပြုလုပ်ခြင်း ၊ ခရိုင်/မြိုနယ်အသီးသီးတွင် ကျား-မ အ​​ခြေပြု အကြမ်းဖက်မှုဆိုင် အသိပညာ​ပေး online အစီအစဉ် ဖြင့် Talk Show များ ပြုလုပ်ခြင်း၊ သင်တန်းများ ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်