ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းမိသားစုများ စုပေါင်းမဟာဘုံကထိန် အလှူပွဲ ကျင်းပ

ရေနံချောင်း နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်စည်ပင်သာရေးအဖွဲ့ ဝန်ထမ်းမိသားစု၏ အဌမအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်အလှူ ရေစက်ချ အခမ်း အနားကို ယနေ့ နံနက်ပိုင်းက ရေနံချောင်းမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး ကျန်းမာရေး လမ်းညွှန် ချက်များနှင့် အညီကျင်းပခဲ့ သည်။

ရှေ့ဦးစွာ ရေနံချောင်းမြို့ ပတ္တမြားတောင်ကျောင်းတိုက် ဆရာတော်ဦးဓမ္မသာမိအမှုပြုသော ပင့်သံဃာ ဆရာတော် သံဃာတော် ၇ ပါးက လှူဒါန်းမှူ အစုစုအတွက် ကထိန်ရေစက်ချတရားတော်ကို ဟောကြားတော်မူရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိူးနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော် မတီဥက္ကဌ ဦးမြင့်ဦး နှင့်ကော်မတီအဖွဲ့ဝင်များက နာယူကြည်ညိုကြသည်။

ထို့နောက် ချောက်မြို့နယ် စလေမြို့ ဥယျာဉ်ကျေးရွာမှ ကထိန်ရအောင်မြေမင်္ဂလာကျောင်းတိုက် ဆရာတော် ဦးဝိစိတ္တထံသို့ ငွေပဒေသာပင် ၆၃၂၀၀၀ ကျပ်နှင့် စုစုပေါင်း ၉ သိန်းကျပ်တန်ဖိုးရှိ လှူဖွယ်ဝတ္ထုပစ္စည်းတို့အား ဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါ ကထိန်အလှူရေစက်ချ အခမ်းအနားသို့ ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချူပ်ရေးမှူးဦးမန်ကိုဟော၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်းနိုင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်း များတက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုစိုးကြီး