ထီးလင်းမြို့နယ်၊ အညာဝါးဘင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ဆဋ္ဌမနှစ်စက်ဝန်းအတွက် ချေးငွေများ ထုတ်ချေးပေး

ထီးလင်း နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ အညာဝါးဘင်းကျေးရွာအုပ်စု၊ အညာဝါးဘင်း ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ဆဋ္ဌမနှစ် စက်ဝန်းအတွက် အရင်းမပျောက် လည်ပတ်ရန်ပုံ ငွေများ ထုတ်ချေးပေးခြင်းကို  နိုဝင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းကထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ထီးလင်းမြို့နယ်ကျေးလက်ဦးစီးမှူး ဦးအေးမင်းထွန်းက ရရှိလာသော ချေးငွေများအား အရင်းမ​ပျောက်ပျက်အောင် မိမိတို့ကျေးရွာဖွံ့​ဖြိုးရေးလုပ်ငန်းများနှင့် မိသားစု စားဝတ်နေရေးအတွက် အတိုးအပွားများ ပိုမိုရရှိစေရေး အတွက် အလေးထား ဆောင်ရွက် စေလိုကြောင်း ပြောကြားပြီး အညာဝါးဘင်းကျေးရွာ၌ မွေးမြူရေးလုပ်ကိုင်သူ(၅)ဦးအတွက် ငွေကျပ်(၄၀)သိန်းကို လည်းကောင်း၊ ရောင်းဝယ်ရေးလုပ်ကိုင်သူ (၁၄) ဦးအတွက် ငွေကျပ် (၁၀၀) သိန်းကိုလည်းကောင်း၊ စိုက်ပျိုးရေးလုပ်ကိုင်သူ (၆၂) ဦးအတွက်ငွေကျပ်(၃၅၀)သိန်းကို ကျေးရွာမှ မြစိမ်းရောင် စီမံကိန်းကော်မတီဝင်များနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာ၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန၏ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်လာ စေရေးနှင့် ဆင်းရဲနွှမ်းပါးမှု လျော့ချရေး အစီအစဉ်ဖြင့် မြစိမ်းရောင် စီမံကိန်းကို ၂၀၁၅-၂၀၁၆ ခုနှစ်မှ စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ  ၂၀၁၉-၂၀၂၀ ခယဘဏ္ဍာနှစ်အထိ (၅) နှစ်တာ ကာလ အတွင်း အတိုးရ ငွေ စုစုပေါင်း ငွေကျပ် (၂၀၅) သိန်းကျော်ရရှိနေပြီဖြစ်ကြောင်း ထီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။

ဉာဏ်တိုး (ပေါက်)