နတ်မောက် နိုဝင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉အတည်ပြု လူနာခုနှစ်ဦး ယမန်နေ့နံနက်ပိုင်းက ဆေးရုံ မှဆင်းခွင့် ပြုခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်မှာကိုဗစ်-၁၉ အတည်ပြုလူနာ (၁၀၇)ဦးရှိတွင် မူလကဆေးရုံဆင်းခွင့်ရရှိသူ ( ၈၁ )ဦး၊ ယမန်နေ့က ဆေးရုံဆင်းခွင့်ရရှိသူ (၇)ဦးတို့သည် ကိုဗစ်-၁၉ရောဂါလက္ခဏာပျောက်ကင်းပြီး ကျန်းမာရေးကောင်းမွန်လာ၍ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သည်။
အဆိုပါ (၇)ဦးအနေဖြင့် ကျေးရွာများသို့ ပြန်လည်ရောက်ရှိချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ Home Quarantine (၇)ရက်နေထိုင်ရမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မှာကြားခဲ့ကြောင်း သိရသည်။
ကျန်ရှိကိုဗစ်-၁၉ အတည်ပြုလူနာ (၁၉)ဦးကို နတ်မောက်မြို့နယ်ပြည်သူ့ ဆေးရုံကြီးနှင့် ကိုဗစ်-၁၉ ပိုးတွေ့ လူနာများထိန်းချုပ်ရေးစင်တာ (၂)တွင် ထားရှိပြီး အဆိုပါပိုးတွေ့လူနာများမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။
လှဝင်း(နတ်မောက်)