သန်လျင်၌ လူရည်ချွန်ဂုဏ်ပြုပွဲနှင့် ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၉

ရန်ကုန်တောင်ပိုင်ခရိုင်၊ သန်လျင်မြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် သုံးထပ်ကွမ်း လူရည်ချွန်ဂုဏ်ပြုပွဲနှင့် ပညာရည်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက စိန်ဇေးဗီးယားခန်းမဆောင်ကြီး၌ ကျင်းပသည်။

အခမ်းအနားတွင် ကျောင်းအကျိုးတော်ဆောင်နာယက သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က နုတ်ခွန်းဆက် အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုမာအောင်က လူရည်ချွန်ဂုဏ်ပြုပွဲနှင့် ပညာရည်ထူးချွန်ဆု ချီးမြှင့်ပွဲကျင်းပရခြင်းအား ရှင်းလင်း ပြောကြားကာ ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးလှမော်က ကျောင်းအကျိုးတော်ဆောင် လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် သုံးထပ်ကွမ်း လူရည်ချွန်ဂုဏ်ပြုဆု၊ ပညာရည်ထူးချွန်ဆုများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

အဆိုပါ လူရည်ချွန်ဂုဏ်ပြုပွဲနှင့် ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲတွင် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)