လှိုင်းဘွဲ နိုဝင်ဘာ ၂၇
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ကျေးရွာများတွင် ကြံစိုက်ခင်းများ စိုက်ပျိုးခြင်းကို အများအပြား စိုက်ပျိုးလျက်ရှိရာ နောကောကျေးရွာအုပ်စု လက်ခတ်ကျေးရွာတွင် မိသားစုတစ်ပိုင် စီးပွားဖြစ်စိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
နောကောကျေးရွာအုပ်စု လတ်ကျေးရွာနေ ကြံစိုက်တောင်သူ ဦးမြသိန်း၏ ကြံစိုက်ခင်းသည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပေး အကူအညီဖြင့် 94/95 ကြံမျိုးကို အချောင်းလိုက် စိုက်ပျိုးထားခြင်းဖြစ်ပြီး ကြံများကို အချိန်အခါအလိုက် ရေသွင်းခြင်း၊ ပိုးမွှားအန္တရာယ် ကျရောက်မှုအန္တရာယ် မရှိစေရေး အတွက် ပိုးသတ်ဆေးဖြန်းခြင်း၊ ဓါတ်မြေဩဇာကျွေးခြင်း လုပ်ငန်းကို ဆောင်ရွက်ရပြီး (၁၀)လအကြာတွင် ကြံများကို ခုတ်သိမ်းခဲ့ကြောင်း သိရသည်။
“ကြံကို 94/95 ကြံမျိုးကို စိုက်ပျိုးပါတယ်၊ (၁၀)ဧကကျော် တန်(၃၀)ကျော်ရှိတယ်၊ ပြာသိုလက စတင်စိုက်ပျိုးပြီး ယခုဆိုရင် ခုတ်သိမ်းနေပြီး (၁၀)ဧကလျှင် ကြံသကာထုတ်(၁)သောင်းကျော် ရရှိပြီး တစ်ထုတ်ကို ဈေးနှုန်းက(၈၀၀)ကနေ (၁၂၀၀) ဈေးနှုန်း ရတယ်၊ ပိုမှန်လာဝယ်တဲ့သူရှိတဲ့အတွက် အဆင်ပြေကြောင်း ကို” ကြံစိုက်တောင်သူ ဦးမြသိန်းက ပြောကြားခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)