ရန်ကင်း နိုဝင်ဘာ ၂၇
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်၊ ထိန်းချုပ်နိုင်ရန် Stay at Home သတ်မှတ်ထားစဉ် ကာလအတွင်း သီလရှင်များဆွမ်းကိစ္စ အဆင်ပြေစေရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ယမန်နေ့ နံနက် ၁၁ နာရီက အမှတ်(၁၁) ရပ်ကွက်၊ ဘူတာရုံလမ်းရှိ သုခိတာရာမ သီလရှင်ကျောင်းသို့ ဆန်၊ဆီ အပါအဝင် အခြေခံ စားသောက်ကုန် များကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသိုလှူဒါန်းရာတွင် ရန်ကင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆွမ်း ဆန်အိတ်(၂)အိတ်၊ အချိုရည်ဘူး၊ Mask နှင့် Hand gel တို့ကိုလှူဒါန်းရာ သုခိတာရာမ သီလရှင်ကျောင်းမှ ကျောင်းထိုင် ဆရာလေး က လက်ခံရယူ ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် ဆွမ်းကိစ္စအခက်အခဲဖြစ်နေသည့် ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့များ၊ အလှူရှင်များပူးပေါင်း၍ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး (ပြန်/ဆက်)