ဒေါပုံမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကြိုတင်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ဒေါပုံ နိုဝင်ဘာ   ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကြိုတင်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း ကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ် ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကလေးများနှင့်မိခင်များအား ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရန်နှင့် လူစုလူဝေးမဖြစ်စေရန် အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် နေရာ()နေရာခွဲ၍ ကလေးငယ် များအား အလှည့်ကျဆေးထိုး၊ ဆေးတိုက်ပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆေးထိုးဆေးတိုက်ဆောင်ရွက်ရာတွင် မွေးကင်းစမှ အသက်()နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ်အလိုက် လစဉ်ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊    မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမှေးရောင်၊ ငါးမျိုးစပ်ကာကွယ် ဆေး၊ ပြင်းထန် အဆုတ်ရောင်(ပီစီဗွီ) ဝက်သက်၊ ဂျိုက်သိုး၊ ရောဂါကာကွယ်ဆေးစသည်တို့ကို ထိုးနှံပေးခြင်း ပိုလီယိုအကြောသေရောဂါကာကွယ် ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သဲစုစုလွင်(ပြန်/ဆက်)