ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိင်း အစည်းအဝေး ပြုလုပ်

ဒဂုံ(ဆိပ်ကမ်း) နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး၊ လူထုအသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရေး၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်နိုင်ရေး ဈေးရောင်း၊ ဈေးဝယ်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချစေရန် ကြပ်မတ်ဆောင်ရွက်ရေး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ အဖွဲ့များ ဝိုင်းဝန်းပူးပေါင်း၍  လူအများစုဝေးရာနေရာ အထူးသဖြင့် စျေးများတွင် ယခင်ကထက် ပိုမိုကြပ်မတ် ဆောင်ရွက်ပေး နိုင်ရေးနှင့် တစ်ပတ်လျှင် နှစ်ကြိမ် နှာခေါင်းစည်း (Masks)များ အခမဲ့ဖြန့်ဝေပေးနိုင်ရေးတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးလုပ်ငန်းကော်မတီ နာယက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြစိန်က ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ကိုဗစ်-၁၉ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ပူးပေါင်း ဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးမူယာကျော်က ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေမှု များနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီ နာယက   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြစိန်၊ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးနှင့် ကော်မတီဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နန်းရွှေကြည်(ပြန်/ဆက်)