အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများစျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် စားသောက်ကုန်များအား Mobile စျေးကားများဖြင့် စတုတ္ထအကြိမ် လာရောက်ရောင်းချ

အလုံ    နိုဝင်ဘာ   ၂၇

အလုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် စားသောက်ကုန်များကို ဝယ်ယူစားသုံးနိုင်ရေးအတွက် ဈေးရောင်းကား(၈)စီးဖြင့် ယမန်နေ့ နံနက်(၇) အချိန်က စတင်ကာ လာရောက် ရောင်းချပေး ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ပူးပေါင်း၍ အလုံမြို့နယ်အတွင်း နေထိုင်သော ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံး နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဈေးရောင်းကား (၈)စီးဖြင့်  သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ကြက်ဥ ၊ဆီ နှင့် အခြားစားသောက်ကုန်များ ရောင်းချပေးခဲ့သည်။

အဆိုပါ  Mobile စျေးကား (၈)စီးဖြင့် စကားစိမ်းလမ်း၊ သီရိမင်္ဂလာဥယျာဥ်အိမ်ရာဝင်းတို့တွင် တို့တွင် ရောင်းချပေးခဲ့ရာ စနစ်တကျ ဈေးရောင်း ချနိုင်ရေးအတွက် အလုံမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး ယခုလာ​ရောက်​ရောင်းချခြင်းသည် စတုတ္ထအကြိမ်လာ​ရောက်​ရောင်းချခြင်းဖြစ်ကြောင်း သိရှိရသည်။

 တင်တင်ချို (အလုံ)