လက်ပံတန်း၌ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာတားဆီးကာကွယ်ရေး အသိပညာပေး Campaign ပြုလုပ်

လက်ပံတန်း ဒီဇင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်မှုအသိပညာပေး Campaign ကို မြို့မဈေးနှင့် အ.ထ.က(၁)ကျောင်းတို့တွင် ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်လွင်မာစိုးနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဖဲကြိုးဖြူများ တပ်ဆင်ပေးခြင်းများဖြင့် တုံ့ပြန်ဆောင်ရွက်မှု အသိပညာပေး Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)