ဖြူးမြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကျင်းပ

ဖြူး  ဒီဇင်ဘာ   ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်ခြင်းနှင့် စည်းကမ်းပြည့်ဝသူများ လေ့ကျင့်ပျိုးထောင်ရန်ရည်ရွယ်ပြီး ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို ဒုတိယနေ့အဖြစ် အထွေထွေဗဟုသုတဘာသာရပ်ကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းကစတင်ကာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူရည်ချွန်စိစစ်ရွေးချယ်စာမေးပွဲ ဖြေဆိုရာတွင်  Grade-9၊ Grade-10၊ Grade -11နှင့်Grade-12 မှ ကျား (၁၈)ဦး၊ မ(၂၁)ဦး၊  စုစုပေါင်း(၃၉)ဦးတို့    ဖြေဆိုကြပြီး (၄-၁၂-၂၀၂၄)ရက်နေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာရပ်၊ (၅-၁၂-၂၀၂၄)ရက်နေ့တွင် အထွေထွေ ဗဟုသုတဘာသာရပ်နှင့် လူတွေ့နှုတ်ဖြေ၊ (၆-၁၂-၂၀၂၄)ရက်နေ့တွင်  ကိုယ်ကာယ ကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ဆက်လက်ကျင်းပ ပြုလုပ် စိစစ်ရွေးချယ်သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)