ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်  ၁၀ နာရီက ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိ စာသင်တိုက်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် သာဓုပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃာဝန်ဆောင် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တဥဂ္ဂံသနှင့် ကျောင်းတိုက်ရှိ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ စုစုပေါင်းတန်ဖိုး ကျပ်နှစ်ရာ တစ်ဆယ့်ခြောက်သိန်း ခြောက်သောင်းရှစ်ထောင်ကျော်အား လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအတွက် ဆရာတော်ထံမှ ရေစက်ချ တရား နာကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့  ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ အတိုင်း Social Distancing နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)