ရွာသစ်ကြီးကျေးရွာ အိမ်တိုင်ရာရောက်ရေရရှိမှုဆောင်ရွက်နိုင်ရေး Level Survey တိုင်းတာ

မကွေး နိုဝင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ညောင်ကန်ကျေးရွာအုပ်စု ရွာသစ်ကြီး ကျေးရွာတွင် ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိစေရန် ရည်ရွယ်၍ အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်း ဆောင်ရွက်ပေးနိုင်ရေး Level Survey တိုင်းတာခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းတိုင်းတာခဲ့ကြောင်း သိရသည်။  

ထိုသို့ကွင်းဆင်းတိုင်းတာရာတွင် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်း အင်ဂျင်နီယာ-၂ ဦးထွန်းထွန်းနှင့် ဝန်ထမ်းများက  ကျေးရွာရေရရှိရေး ကော်မတီများနှင့်အတူ ရွာသစ်ကြီးကျေးရွာ အိမ်တိုင်ရာရောက် ရေရရှိရေး ဆောင်ရွက်ပေးနိုင်ရန် သွယ်ယူရမည့် ရေပိုက်လိုင်းပေအရှည်၊ လက်ရှိ မြေပြင်အခြေအနေ အနိမ့်အမြင့်များကို Level Survey တိုင်းတာမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါကျေးရွာ အိမ်တိုင်ရာရောက်ရေရရှိရေး ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ရေမီတာတပ်ဆင်ခြင်း လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း(၁၀၀)၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးပါက အဆိုပါ ကျေးရွာရှိ အိမ်ခြေ ၃၂၀ အိမ်၊ လူဦးရေ ၁၆၂၇ ဦး နှင့် ကျွဲ၊ နွား တိရစာ္ဆန်များအတွက် သောက်သုံးရေဖူလုံစွာရရှိရေး အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်(မကွေး)